မအူပင်မြို့၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မအူပင် မေ  ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် သစ်ဝောာဦးစီးဌာနမှ စီစဉ်ဆောင်ရွက်မှု ဖြင့် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်ပိုင်းက အ.မ.က(မြို့သစ်) ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးအောင်စက်ပိုင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပြီး မန်ဂျန်ရှား(၁၅၀)၊ မဟော်ဂနီ(၁၀၀)၊ ယူကလစ်(၅၀)၊ ခရေ(၅၀)နှင့် စိန်ပန်း (၅၀)ပင်တို့အား စိုက်ပျိုးခဲ့ကြပြီး တက်ရောက်လာသူများအား ပျိုးပင်များပေးအပ်ခဲ့ကြောင်း သိရ သည်။

ခရိုင် ပြန်/ဆက်