ကျောက်ဆည် မေ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ အင်ဒိုင်းကျေးရွာအုပ်စု၊ ရွှေလေးကျေးရွာ၊ ဇော်ဂျီဂေါက်ကွင်းတွင် ယနေ့ နံနက်(၇)နာရီက ၂၀၂၃ ခုနှစ် မိုးရာသီ အကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပျိုးပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး မျိုးသွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်လင်းနှင့် တာဝန်ရှိ သူများက မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များအား ပျိုးပင်များ ဖြန့်ဝေပေးခဲ့ပြီး သတ်မှတ်နေရာများတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ပြည်သူများမှ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် စိန်ပန်း(၄၀)ပင်၊ ခရေ(၃၀)ပင်၊ တမာ(၂၀၀)ပင်၊ ငုရွှေဝါ (၃၀)ပင်၊ ရေတမာ(၁၀)ပင်၊ စုစုပေါင်း (၃၁၀) ပင်များ ရာသီဥတု မျှတကောင်းမွန်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သက်မောင်(ပြန်/ဆက်)