ဇီးကုန်းမြို့နယ်၌ အခြေခံပညာထက်၊လယ်၊မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားစေရန်၊ ထက်မြက်သော ကျောင်းအုပ်ကြီးများ ပေါ်ထွက်လာစေရေးနှင့် စနစ်ကျသော ကျောင်းများဖြစ်ပေါ်စေရေးအတွက် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က(ဇီးကုန်း) အစည်းအဝေး ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။