မိုင်းပျဉ်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ပညာသင်ကြား

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ယနေ့မှစ၍ (ဘက) ကျောင်းအပါအဝင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေပြီဖြစ်ရာ ကျောင်းနေရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရှမ်ပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းသား/ ကျောင်းသူများ​အေးချမ်းစွာ ကျောင်းသို့လာရောက်၍ စတင်ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ(၁၃၂၁၀)ဦး ပညာသင်ကြား

ပဲခူးတိုင်းဒေသကြီး‌၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

သင့်အတွက် သစ်ပင်ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု မြဲအောင်ထိန်းသိမ်းဆောင်ပုဒ်ဖြင့် မိုးကောင်းမြို့၌ ၂၀၂၃ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

“သင့်အတွက် သစ်ပင်ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု မြဲအောင်ထိန်းသိမ်း” ဆောင်ပုဒ်ဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ပင်းခါးကျေးရွာသွားလမ်း၌ ၂၀၂၃ ခုနှစ် မိုးရာသီ အကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မေလ(၃၁)ရက် နံနက်(၇)နာရီတွင် ပြုလုပ်ခဲ့သည်။

၂၀၂၃ -၂၀၂၄ ပညာသင်နှစ် မုံရွာခရိုင်အတွင်း ကျောင်းသားကျောင်းသူ စုစုပေါင်း ( ၁၄၃၂၀ )ဦး ကျောင်းအပ်နှံ ပညာသင်ယူ

 စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မေလ ၂၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အခြေခံပညာ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၄၃၂၀) ဦး ကျောင်းအပ်နှံပြီးကာ  ပညာသင်ယူလျက်ရှိပြီး ယခင်ပညာသင်နှစ် ထက် ကျောင်းသားကျောင်းသူ (၃၇၃၄ )ဦး  ပိုမိုတိုးလာကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် သင်ကြား

မိုင်းယောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် သင်ကြား မိုင်းယောင်း ဇွန် ၁ ဝေဝေခိုင်(ပြန်/ဆက်)

ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းသား/ဝန်ထမ်းသမီးများအား ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းသား/ဝန်ထမ်းသမီး များအား ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို မေ ၃၁ ရက် မွန်းလွဲ ၂ နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၊ စစ်တွေမြို့၌ တောင်သူဦးကြီးများအား ၂၀၂၃ ခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေး

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၊ စစ်တွေမြို့မှ တောင်သူဦးကြီးများအား ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးခြင်းအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ပြုလုပ်သည်။

ဓနုဖြူမြို့နယ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ် သင်ကြားလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယနေ့  ဇွန်လ(၁)ရက်နေ့မှစ၍ အခြေခံပညာကျောင်းများအား စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြား

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယနေ့သည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌လည်း ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ   ယနေ့ ဇွန် လ ၁ ရက်နေ့  ယနေ့နံနက်ပိုင်းမှစ၍ စတင်ဖွင့်လှစ်ရာ  ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်  အေးချမ်းပျော်ရွင်စွာဖြင့် ကျောင်းစတင် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

လဲချားမြို့နယ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် သင်ကြားပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်ရှိသော အခြေခံပညာကျောင်းများအားလုံး (၂၀၂၃-၂၀၂၄) ပညာသင်နှစ်ကို ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ် သင်ကြား ပေးလျက်ရှိသည်။
Subscribe to