မော်လမြိုင်မြို့၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာတက်ရောက်  

မော်လမြိုင်  ဇွန် 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယနေ့ ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ  ကျောင်းသား၊ကျောင်းသူများအနေဖြင့်  ပျော်ရွှင်အေးချမ်းစွာဖြင့် ကျောင်းစတင်တက်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါအခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃) ရက်နေ့မှ မေလ(၃၁) ရက်နေ့အထိ သတ်မှတ်ထားပြီး  ကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်၊ ကျောင်းသုံး ဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံများ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

မော်လမြိုင်မြို့နယ်တွင် အထက်တန်းကျောင်း (၂၇)ကျောင်း၊ အလယ်တန်း‌ကျောင်း(၃၄ )ကျောင်း၊ မူလတန်းကျောင်း (၈၉)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁၉) ကျောင်း၊ ဘုန်းတော်ကြီး ပညာသင်ကျောင်း(၉)ကျောင်း စုစုပေါင်း ၁၇၈ ကျောင်း စတင်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)