ဒေးဒရဲမြို့၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေး

ဒေးဒရဲ  ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခြင်းကို ယနေ့နံနက် (၉)နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်များသို့ လိုက်လံ၍ ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် စီမံဆောင်ရွက် ထားရှိမှုများ၊ သင်ကြားရေးဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေး စကားပြောကြားခဲ့ပြီး ကျောင်းလုံခြုံရေး အစီအမံများဆောင်ရွက်ထားရှိမှုများ၊ ကျောင်းသန့်ရှင်းရေး ဆောင်ရွက်ပြီးစီးမှုနှင့် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၂၁) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၂၄၅၄)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက  သိရသည်။

အေဇာလင်း