မင်္ဂလာတောင်ညွန့် ဇွန် ၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင် စာသင်ကျောင်းများအားလုံး ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရှိရသည်။
မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း အခြေခံပညာကျောင်း ၃၀ ရှိပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁ ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း KBDC ၁ ကျောင်း စုစုပေါင်း စာသင်ကျောင်း ၃၂ ကျောင်းရှိကြောင်း သိရှိရသည်။
ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်၌ အခြေခံပညာ ကျောင်း ၃၀ တွင် စာရင်းရှိ ကျောင်းသား ၈၂၄၁ ဦး ရှိရာ ၇၆၂၅ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁ ကျောင်း၌ စာရင်းရှိ ၄၂ ဦး ရှိရာ ၄၂ လုံးတက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း KBDC ၌ စာရင်းရှိ ၆၆၁ ဦးရှိရာ ၆၁၇ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်အတွင်းရှိ အစာသင်ကျောင်းများအားလုံး စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ကျောင်းသားမိဘများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကျော်သူဟိန်း