ကုန်သည်စက်မှုအသင်းချုပ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ တတိယအကြိမ် အစည်းအဝေးကျင်းပ

ပုဂ္ဂလိကစီးပွားရေးအဝန်းအဝိုင်း တစ်ရပ်လုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားရှိသည့် ကုန်သည်စက်မှုအသင်းချုပ်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ တတိယအကြိမ်အစည်းအဝေးကို ယမန်နေ့တွင် Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။

(NEP Phase ll)ဖြင့် ဆောင်ရွက်သော ကျေးရွာလျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနား အုတ်တွင်းမြို့နယ်၌ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ တောပုကျေးရွာအုပ်စု ရေနီကြီးကျေးရွာအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း (NEP Phase II)ဖြင့် ဆောင်ရွက်သော လျှပ်စစ် မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်သည်။

ပုဗ္ဗသီရိမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အသိပညာပေး Talk Show ကျင်းပ

ပုဗ္ဗသီရိမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အသိပညာပေး Talk Show ကျင်းပ ပုဗ္ဗသီရိ ဇွန် ၁ လှိုင်မြင့်(ပြန်/ဆက်)

သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ သွား/ဆေးတက္ကသိုလ် ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ သွား/ဆေး တက္ကသိုလ် ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများအား ယနေ့နံနက်ပိုင်းအချိန်က ကျောင်းများစတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အေးချမ်းပျော်ရွင်စွာဖြင့် ကျောင်းစတင် တက်ရောက်လျက်ရှိကြောင်း သိရသည်။

ဖျာပုံမြို့နယ်တွင် မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း တိုးထွက်ရှိရေး လယ်မြေအတွင်း သစ်စိမ်းမြသြဇာ (ပိုက်ဆံ လျှော်)နှင့် စပါးခွံမြေဆွေးများ စုပေါင်းထည့် သွင်းခြင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကိုးအိမ်တန်းကျေးရွာအုပ်စု၊ နောင်တော်ကြီးကျေးရွာ၊ ကွင်းအမှတ် (၄၉၉ A)၊ ဦးပိုင်အမှတ်(၁/၁) တောင်သူဦးဇော်လှိုင်ထွန်း၏ လယ်မြေ(၂) ဧကပေါ်တွင် မြေဆီလွှာဖွံ့ ဖြိုးတိုးတက်စေပြီး စပါးအထွက်နှုန်း တိုးတက်စေရန်နှင့် မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းတိုးထွက်ရှိရေး လယ်မြေအတွင်း သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)နှင့် စပါးခွံမြေဆွေးများ စုပေါင်းထည့်သွင်းခြင်းကို ယမန်နေ့ညနေပိုင်းအချိန်က အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်သည်။

သနပ်ပင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ လုပ်ငန်းရာသီအတွက် (တတိယ)အကြိမ် ဂရန်အင်းများနှင့် (ဒုတိယ)အကြိမ် တင်ဒါပိုက်ချက်များ လေလံတင် ရောင်းချခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် လုပ်ငန်းရာသီအတွက် (တတိယ)ဂရန်အင်းများနှင့် (ဒုတိယ)အကြိမ် တင်ဒါပိုက်ချက်များ လေလံရောင်းခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ်မြို့နယ်  အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းများအား ယနေ့ ဇွန်လ (၁)ရက်နေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာဖြင့်တက်ရောက်လျက် ရှိသည်။

သထုံမြို့ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့ နံနက်မှစတင်ဖွင့်လှစ် လျက်ရှိရာ မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျောင်းအသီးသီးတို့၌ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာဖြင့် စတင်တက်ရောက် သင်ကြားကြလျက် ရှိကြောင်း တွေ့ရသည်။

နောင်ချိုမြို့နယ်၌ သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး Talk Show ဆွေးနွေး

နောင်ချိုမြို့နယ်၌ သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး Talk Show ဆွေးနွေး နောင်ချို ဇွန် ၁ သန်းသန်းထွေး
Subscribe to