ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Mobile library စနစ်ဖြင့် အခမဲ့ငှားရမ်းပေး
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူလူထုအား အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်များငှားရမ်းနိုင်ရန် Mobile libraryကို ယနေ့ နေ့လယ်၁ နာရီအချိန်က မင်းပြားမြို့နယ်မြန်မာ့ဖွံ့ဖြိုးရေးဘဏ်၌ စာအုပ်စာစောင်များကိုအခမဲ့ငှားရမ်းပေးလျက်ရှိသည်။