ကော့သောင်းမြို့တွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များမှာကြား

ကော့သောင်း ဇွန်  ၁

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ ကော့သောင်းခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ယမန်နေ့နံနက် (၉)နာရီခန့်က ပြည်သူ့ ကျန်းမာရေးဖွံဖြိုးရေးအတွက်ကျန်းမာရေးဝန်ထမ်းနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကိုက ကျန်းမာရေးကဏ္ဍအလိုက် သက်ဆိုင်ရာဆရာဝန်များ၊ သမားတော်ကြီးများ၊ ခွဲစိပ်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်သူ့ကျန်းမာရေးဖွံ့ဖြိုး တိုးတက်ရေး အတွက်လုပ်ဆောင်ချက်များ၊ လိုအပ်သည့်ကိစ္စရပ်များနှင့်ဝန်ထမ်းဆိုင်ရာ လိုအပ်ချက်များအကြောင်း ဆွေးနွေးပြောကြားပြီး ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားသည်။

ထို့နောက် ခရိုင်ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ဒေါက်တာလင်းထိုက်နှင့် တက်ရောက်လာကြသည့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးကိစ္စရပ်များကို အသီးသီးတင်ပြကြပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ်မှကဏ္ဍအလိုက်တင်ပြချက်များကို တိုင်းအစိုးရအဖွဲ့အနေဖြင့် ဦးစားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် ကော့သောင်းမြို့၊ ရွှေပြည်စိုးရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအားသွားရောက်၍ ကျောင်းအပ်လက်ခံနေမှုများအား သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။ ယင်းနောက် ကော့သောင်းမြို့၊အောင်သုခရပ်ကွက်၊အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ Grade-9 စနစ်သစ်သင်ရိုး(ဆင့်ပွား) သင်တန်း တက်ရောက်/သင်ယူနေမှုများ အား လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)