မိုးကုတ်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ အသိပေးဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ မိဘပြည်သူများ သိရှိနိုင်စေရန် အသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၂)နာရီအချိန်က မြို့မရပ်ကွက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏ နံရံကပ်ဘုတ်တွင် အသိပညာပေး ဗီနိုင်းများ ပြသခြင်း၊ လမ်းသွားလမ်းလာ အများပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ခဲ့ကြောင်း သိရသည်။