ဒဂုံ ဇွန် ၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများအား ယနေ့ဇွန်လ(၁)ရက်နေ့နံနက်ပိုင်းအချိန်မှ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာဖြင့် ကျောင်းစတင်တက်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါအခြေခံပညာကျောင်းများ ဖွင့်လှစ်ရာ၌ မြို့နယ်ပညာရေးမှူး ဒေါ်ဝါဝါဦး၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ကျောင်းများရှိ တာဝန်ခံကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော် ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများ မိဘများ၊သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်း၍ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်မှ (၃၁)ရက်နေ့အထိ သတ်မှတ်ကာ ကျောင်းသား၊ ကျောင်းသူများအတွက် ဖတ်စာအုပ်၊ ကျောင်းသုံး ဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၃)ကျောင်း၊ အလယ်တန်းကျောင်း(၃)ကျောင်း၊ မူလတန်းကျောင်း (၄)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁)ကျောင်း၊ စုစုပေါင်း (၁၂)ကျောင်းအား စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော်