ကြံခင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အဘိတ်(Abate) ဆေးခတ်ခြင်းလုပ်ငန်း ဆောင်ရွက်

ကြံခင်း ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်(Abate)ဆေးခတ်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြသည်။

ဆိုင်ကလုန်း မုန်တိုင်း(မိုခါ)ကြောင့် မိုးရွာသွန်းပြီး ပိုးလောက်လန်းမှတစ်ဆင့် ခြင်ပေါက်ဖွားမှုများပြားလာနိုင်သဖြင့် ရေတင်ကျန်နိုင်သော ဘူးခွက်များ၊   ရေပုံး၊ ရေအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းဆောင်ရွက်ပြီး ခြင်ကြောင့်ဖြစ်ပွားနိုင်သော   သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါအန္တရာယ်မှ ကင်းဝေးစေရန်၊  ရေသိုလှောင်ကန်များ၊  ရေတိုင်ကီနှင့် ကျောက်စည်ပိုင်းများ၊ ရေအိုးများအား အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းများကို   စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အဘိတ်(Abate) ဆေးခတ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  သက်ဆိုင်ရာကျန်းမာရေးမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့များမှ တာဝန်ရှိသူများ၊  ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများပူးပေါင်းပြီး  အဖွဲ့များခွဲကာ ဆောင်ရွက်ကြကြောင်းနှင့် ကြံခင်းမြို့နယ်တွင် အဘိတ်(Abate)ဆေးခတ်ခြင်း လုပ်ငန်းကို မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ ရပ်ကွက်(၅)ခုနှင့် ကျေးရွာအုပ်စု(၃၀)တို့တွင် အဖွဲ့များခွဲ၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)