ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စတင်ဖွင့်လှစ်သင်ကြား

ကြို့ပင်ကောက် ဇွန် ၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျာင်းများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းများစတင်ဖွင့်လှစ်ခြင်းကို ယနေ့နံနက်ပိုင်းမှစတင်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဇွန်လ (၁) ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းစုစုပေါင်း ၁၇၁ ကျောင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၃ ကျောင်း စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရန်အတွက် ပညာရေးဌာနမှဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကြို့ပင်ကောက်တစ်မြို့နယ်လုံးတွင် မေလ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရန် ခန့်မှန်းလျာထား ကျောင်းသားကျောင်းသူ (၁၆၁၁၈)ဦးတွင် ကျောင်းသား/ကျောင်းသူ (၁၄၂၄၂)ဦး ကျောင်း အပ်နှံခဲ့ရာ ၈၈ ရာခိုင်နှုန်း ကျောင်းအပ်နှံခြင်းကိုလက်ခံခဲ့ပြီး အခြားမြို့နယ်များမှ အကြောင်းအမျိုးမျိုးကြောင့် လာရောက်အပ်နှံကြသော ကျောင်းသား၊ ကျောင်းသူများအား စည်းကမ်းနှင့်အညီ လက်ခံဆောင်ရွက် ပေးလျက်ရှိပြီးကျောင်းဖွင့်ရက်များတွင်လည်း ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြာင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)