အင်္ဂပူမြို့နယ်၌ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်

အင်္ဂပူ ဇွန် - ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများအား ယနေ့ဇွန်(၁)ရက်နေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် တက်ရောက်လျက်ရှိသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများ  အေးချမ်းစွာ ကျောင်းတက်ရောက်နေမှုအား မြို့နယ်စီမံအုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး  ကျောင်းသား၊ ကျောင်းသူများအတွက် ဖတ်စာအုပ်၊ ကျောင်းသုံးဗလာ စာအုပ်၊ ခဲတံ၊  ကျောင်းဝတ်စုံများ (အခမဲ့)ထောက်ပံ့ပေးခြင်း ဖြစ်‌ကြောင်းသိရသည်။

မန်းကျော်(ပြန်/ဆက်)