ကြံခင်း ဇွန် ၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ အခြေခံပညာကျောင်းများအားလုံး ဇွန်လ(၁)ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားပေးရာ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ပေါင်း (၁၂၄)ကျောင်းတွင် ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။
ကြံခင်းမြို့နယ်တွင်အခြေခံပညာကျောင်းပေါင်း (၁၂၄)ကျောင်းရှိရာ(အထက) ကျောင်း(၇) ကျောင်း၊(အ ထ က/ခွဲ) ကျောင်း(၄)ကျောင်း၊ (အ လ က )ကျောင်း(၆) ကျောင်း (အ လ က/ခွဲ)ကျောင်း(၃) ကျောင်း၊ (မူ/လွန်၊ အ မ က)ကျောင်း(၃)ကျောင်း၊ (အ မ က)ကျောင်း (၉၈)ကျောင်း၊(မူ/ခွဲ အ မ က)ကျောင်း(၁)ကျောင်းနှင့်ဘု န်းတော်ကြီးစာသင်ကျောင်း (၂)ကျောင်း တို့ တွင်ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)