၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း GIS နည်းပညာ အသုံးပြု၍ Census Unit များကွင်းဆင်းရေးဆွဲခြင်းလုပ်ငန်းများဆောင်ရွက်

မြန်အောင်   ဇွန်   ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်း GIS နည်းပညာအသုံးပြု၍ Census Unit များကွင်းဆင်းရေးဆွဲခြင်းလုပ်ငန်းများကို ယနေ့ မြန်အောင် မြို့ပေါ်ရပ်ကွက်(၆)ခုနှင့်က နောင်မြို့တို့၌ ကွင်းဆင်းဆောင်ရွက်ကြောင်းသိရသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း များကို GIS နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်း၊ စာရင်းကောက်ကွက်များဖွဲ့စည်းခြင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေ နှင့် Census Unit များကွင်းဆင်းရေးဆွဲခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန နေပြည်တော်မှ ဦးစီးအရာရှိ ဒေါ်တင်တင်လေး ဦးဆောင်သော အဖွဲ့ဝင် ၁၂ ဦးဖြင့် မြန်အောင်ခရိုင် ဦးစီးမှူး ဦးတင်မြိုင် ၊မြို့နယ်ဦးစီးမှူး ဦးတင်မောင်မြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

  အဆိုပါ GIS နည်းပညာအသုံးပြု၍ Census Unit များကွင်းဆင်း ရေးဆွဲခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးအောင်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ လိုအပ်သည်များကိုဖြည့် ဆည်းပေးခဲ့ကြောင်းသိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်) မြန်အောင်