မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၂၇၂)ကျောင်းတွင် ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ  ပညာသင်ကြား

မြန်အောင် ဇွန်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများအား လုံး ဇွန်လ(၁) ရက်နေ့  နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၇၂)ကျောင်းတွင် ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ရောက်နေမှုအား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​မျိုး​လှိုင်​၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ မြန်အောင် ခရိုင်ပညာရေးမှူး ဦးမြင့်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်ထားမြင့်တို့က သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၂)ကျောင်း၊ အ.ထ.က(ခွဲ)(၁၈)ကျောင်း၊ အ.လ.က (၁၄) ကျောင်း၊ အ.လ.က(ခွဲ)၁၁ ကျောင်း၊ အ.မ.က(မူလွန်)(၅) ကျောင်း၊ အ.မ.က (၂၀၅)ကျောင်း၊ အ.မ.က (ခွဲ)(၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၄)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း (၂၇၂) ကျောင်းတွင် ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ်

မြန်အောင်(ပြန်/ဆက်)