တံတားဦး ဇွန် ၁
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် မုန်တိုင်းမိုးရွာသွန်းမှုကြောင့် တောင်သူများ စတင်စိုက်ပျိုးခဲ့သော နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်းသိရသည်။
တောင်သူများစုက နွေရာသီအချိန်က ထယ်ရေးကြိုတင်ပြင်စင်ထားလျက်ရှိရာ နှမ်းများစတင်စိုက်ပျိုးပြီး လုံလောက်သော အစိုဓာတ်ရရှိ၍ တောင်သူအများစုဟာ နှမ်းများစတင်စိုက်ပျိုးပြီး ယခုအခါအောင်မြင်ဖြစ်ထွန်းကြောင်း တံတားဦးမြို့နယ် ပြူကန်ကျေးရွာ တောင်သူဦးဝင်းသိန်းထံမှသိရသည်။ မုန်တိုင်းနှင့်အတူ ရွာခဲ့ တဲ့မိုးဟာ ကျွန်တော်တို့တောင်သူများအတွက် အကြိုက်တွေ့တာပေါ့။ သင်္ကြန်မှာ နောက်မိုးရွာမယ်ထင်ပြီး ကျွန်တော်တို့ နှမ်းတွေစိုက်ပျိုးခဲ့တယ် သင်္ကြန်မှာမိုးမ ရွာပေမယ့် အပင်အားပြုတဲ့အချိန်မှာ မိုးရွာတော့ အပင်တွေအတွက် လိုအပ်သည့်မိုးရေရှိတော့ အခုတော့အပင်တွေမှာ အထူးကောင်းမွန်နေပြီဗျာ။ ယခုလိုပုံစံ အတိုင်း လိုအပ်တဲ့မိုးရေရရှိရင်တော့တစ်ဧကကို နှမ်း (၁၃) တင်းမှ (၁၅) တင်းလောက်ရမည်ဟု တံတားဦးမြို့နယ် ပြူကန်ကျေးရွာ တောင်သူဦးဝင်းသိန်းထံမှ သိရသည်။
ဦးရဲတင့်