ရေး ဇွန် ၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ လာရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ရေးခရိုင်၊ ရေးမြို့နယ်တွင် အခြေခံ ပညာကျောင်း ပေါင်း (၁၈၂)ကျောင်းရှိပြီး (၁၅၀) ကျောင်း ဖွင့်လှစ်နိုင်ခဲ့ရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ မေလ ၂၃ ရက်မှစ၍ ယမန်နေ့ကအထိ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးခဲ့ပြီး မူလတန်း (၂၅၉၇၁)ဦး၊ အလယ်တန်း (၆၅၉၇)ဦး၊ အထက်တန်း(၂၃၁၁)ဦးစုစုပေါင်း(၃၄၈၉၉) ဦးတို့ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မင်းဆန်း