ပေါင်းတည်မြို့နယ်၌ ကျောင်းများစတင်ဖွင့်လှစ်

 ပေါင်းတည် ဇွန် ၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တစ်မြို့နယ်လုံးရှိ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများ၊ ပုဂ္ဂလိကစာသင်ကျောင်းများအပါအဝင် အခြေခံပညာကျောင်းများကို ယနေ့ နံနက် ၉ နာရီမှစတင်ဖွင့်လှစ်၍ ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရသည်။

စာသင်ကျောင်းများ စတင်ဖွင့်လှစ်ရက် ယနေ့နံနက်ပိုင်းတွင် မိဘအုပ်ထိန်းသူများသည် ပြုံးပျော်စွာဖြင့် မိမိရင်သွေးကျောင်းနေအရွယ် ကလေးများကို စာသင်ကျောင်းရှေ့အရောက် လိုက်လံပို့ဆောင်ပေးနေကြပြီး ဆရာ၊ ဆရာမများကလည်း ပညာသင်ကြားရန် ကျောင်းတက် လာကြသော ကျောင်းသား၊ ကျောင်းသူလေးများကို ကျောင်းတံခါးဝမှ ပျူငှာစွာဆီးကြိုကြလျက် ကျောင်းများရှေ့တွင် စည်ကားလျက်ရှိသည်။

ယခု ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် နိုင်ငံတော်မှ ကာလတန်ဖိုး ၁၉၈.၄၂ ကျပ်သန်း တန်ဖိုးရှိ ပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များကို ပေါင်းတည်မြို့နယ် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ထောက်ပံ့ပေးထားခဲ့ကြောင်း၊ ယခုနှစ်တွင် မြို့နယ်အတွင်း ကျောင်းနေအရွယ် ရာနှုန်းပြည့်နီးပါး ကျောင်းအပ်နှံကာ ယနေ့မှစ၍ စတင်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)