စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက် စာသင်ကြားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်း ဇွန်  ၁

စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်နှင့် ဒုတိယပါမောက္ခချုပ် (သင်တန်း)နှင့် တာဝန်ရှိသူများသည် ဇွန်(၁)ရက်နေ့က သင်တန်းအသီးသီး၏ ကျောင်းအပ်နှံမှု၊ ကျောင်း တက်ရောက်သင်ကြားနေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး၍ ကျောင်းသား/ ကျောင်းသူများကို အားပေးခဲ့ကြောင်းသိရသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ် ၂၀၂၂- ၂၀၂၃၊ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၊ သင်တန်းအသီးသီး၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို မေ(၂၃)ရက်ကစတင်၍ လက်ခံဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် ယနေ့ဇွန်(၁)ရက်နေ့အထိ ပထမနှစ် (ဒုတိယနှစ်ဝက်)(၂၄၉)ဦး၊ ဒုတိယနှစ်(ဒုတိယနှစ် ဝက်)(၁၄)ဦး၊ တတိယနှစ်(ဒုတိယနှစ်ဝက်)(၅၇)ဦး၊ စတုတ္ထနှစ်(ဒုတိယနှစ်ဝက်)(၂၈)ဦး၊ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်(ပထမနှစ်ဝက်)တွင်(၁၁၅)ဦး၊ မဟာပညာရေးဘွဲ့(MED)ပထမနှစ်(ပထမနှစ်ဝက်)(၄၄)ဦး၊ မဟာပညာရေးဘွဲ့(MED)ဒုတိယနှစ်(ပထမနှစ်ဝက်)(၄၄)ဦး၊ မဟာအရည်အချင်းစစ်(MED(Q) ပထမနှစ် ဝက်မှ (၁၆)ဦး၊ စုစုပေါင်း ကျောင်းသား/ ကျောင်းသူ(၅၆၇)ဦး ကျောင်းဝင်မှတ်ပုံတင်ခဲ့ကြသည်။

အဆိုပါကျောင်းသား/ ကျောင်းသူများ စာသင်ကြားနေမှု/ ကျောင်းအပ်လက်ခံဆောင်ရွက်နေမှုတို့ကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များစီမံဆောင်ရွက်ပေးခဲ့ကြောင်းသိရကာ ကျောင်းတက်ရောက်ရန်ကျန်ရှိနေသည့်အတန်းအသီးသီးမှ ကျောင်းသား/ ကျောင်းသူများကိုလည်း ကျောင်းအပ်လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်စစ်ကိုင်းခရိုင်( ပြန်/ဆက်)