ရမ်းဗြဲ ဇွန် ၁
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ဇွန်လ(၁)ရက်နေ့ တွင်စတင်ဖွင့်လှစ်ခဲ့ရာကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပျော်ရွင်အေးချမ်းစွာဖြင့် ကျောင်းစတင်တက်ရောက်ပညာသင်ကြားလျက်ရှိကြသည်။
ရမ်းဗြဲမြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် အခြေခံပညာကျောင်းများ အမိုးလန်ပျက်စီးခဲ့သော်လည်း ယခုအခါ ရာနှုန်းပြည့် ပြန်လည် ဖပြင်ဆင် ပြီးစီးခဲ့ပြီဖြစ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၈၄)ကျောင်းတွင်၊ ကျောင်းများစတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ကျောင်းသူများအတွက် ဖတ်စာအုပ် ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ ပေးအပ်ထားပြီးဖြစ်ကြောင်းနှင့်အေးချမ်းစွာတက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)