မူဆယ်မြို့၊ မြန်မာ-တရုတ်နယ်စပ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကုန်သွယ်မှုအခြေအနေ တိုးတက်လျက်ရှိ

မူဆယ် ဇွန် ၁

ကိုဗစ်-၁၉ရောဂါ အခြေအနေများကြောင့် ရက်အကန့်သတ်မရှိ ပိတ်သိမ်းရပ်ဆိုင်းပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့သော ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ မြန်မာ-တရုတ်နယ်စပ် ၁၀၅ မိုင် ကုန်သွယ်ဇုန်၏ ပို့ကုန်/သွင်းကုန် ကုန်သွယ်မှု အခြေအနေသည် ပြန်လည်တိုးတက်လာကြောင်း သိရသည်။

အဆိုပါ မူဆယ်၁၀၅-မိုင် ကုန်သွယ်ရေးဇုန်မှ ၂၀၂၃ ခုနှစ်၊ မေလ(၂၂)ရက်နေ့မှ (၂၈)ရက်နေ့အထိ  မြန်မာပြည်မှ အများဆုံးတင်ပို့ခဲ့သော ပို့ကုန်ပစ္စည်းများဖြစ်သည့် ကန်ဒေါ်လာ(၁.၄၂၄)သန်း တန်ဖိုးရှိသော ကျောက်စိမ်းအတွဲ(၂၀.၉၀၉)တန်၊ ကန်ဒေါ်လာ (၁.၃၀၈) သန်းတန်ဖိုးရှိသော ငရုတ်သီးခြောက်(၉၀၉.၆၈၇) တန်၊ ကန်ဒေါ်လာ(၀.၇၇၅)သန်း တန်ဖိုးရှိသော သရက်သီး(၁၈၂၄)တန်၊ ကန်ဒေါ်လာ(၀.၆၂၆)သန်း တန်ဖိုးရှိ သောငါးရှဉ့်(၁၇၂.၃၂)တန်၊ ကန်ဒေါ်လာ(၀.၆၁၉)သန်း တန်ဖိုးရှိသော ကဏန်း(၁၄၅.၅၂၅)တန်၊ ကန်ဒေါ်လာ (၀.၃၆၃)သန်း တန်ဖိုးရှိသောမြေပဲ(၂၃၄)တန်၊ ကန်ဒေါ်လာ(၀.၃၆၂)သန်း တန်ဖိုးရှိသော ဝါဂွမ်း(၁၉၇)တန်၊ (၀.၃၁)သန်း တန်ဖိုးရှိသော အလူမီနီယံ(၁၇၂.၁၈၄)တန်၊ ကန်ဒေါ်လာ(၀.၃၀၄)သန်းတန်ဖိုးရှိသော ကြေးနီ (၁၀၂.၁)တန်နှင့် ကန်ဒေါ်လာ(၀.၂၇၉)သန်း တန်ဖိုးရှိသော နနွင်းတက်(၅၁၇.၅၁၅)တန်အား တရုတ်ပြည်သို့ တင်ပို့ခဲ့ကြောင်း သိရသည်။ ထို့အပြင် တရုတ်ပြည်ဘက်မှ အများဆုံးတင်သွင်းသော သွင်းကုန်ပစ္စည်းများဖြစ်သည့် ကန်ဒေါ်လာ(၂.၁၉၂)သန်း တန်ဖိုးရှိသော CMP စက်ရုံသုံးကုန်ကြမ်းပစ္စည်းများ၊ကန်ဒေါ်လာ (၁.၉၇၆) သန်းတန်ဖိုးရှိသော ယာဉ်နှင့်စက်ယန္တရားများ၊ ကန်ဒေါ်လာ(၁.၁၅၀)သန်း တန်ဖိုးရှိသော ဆိုလာပြားများ၊ ကန်ဒေါ်လာ(၀.၉၂၁)သန်း တန်ဖိုးရှိသော ပြည်တွင်းတပ်ဆင်ရေး လုပ်ငန်းတွင် အသုံးပြုသော SKD စနစ်ဖြင့် တင်သွင်းသည့် ဆိုင်ကယ်အပိုပစ္စည်းများ၊ ကန်ဒေါ်လာ(၀.၆၇၉)သန်း တန်ဖိုးရှိသော သွပ်လိပ်များ၊ ကန်ဒေါ်လာ(၀.၃၇၆)သန်း တန်ဖိုးရှိသော ဓာတ်မြေဩဇာများ၊ ကန်ဒေါ်လာ(၀.၃၅၃)သန်း တန်ဖိုးရှိသော ရုပ်မြင်သံကြားစက်များ၊ ကန်ဒေါ်လာ(၀.၂၅၅)သန်း တန်ဖိုးရှိသောဖိနပ်များ၊ ကန်ဒေါ်လာ(၀.၁၈၀)သန်း တန်ဖိုးရှိသော အစားအစာများ ထုတ်ပိုးသည့် ပလပ်စတစ်အကြည်များ နှင့် ကန်ဒေါ်လာ(၀.၁၈) သန်း တန်ဖိုးရှိသော ပိတ်လိပ်များကို မြန်မာပြည်သို့ တင်သွင်းခဲ့ကြောင်း သိရသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ၂၀၂၃ ခုနှစ်၊ မေလ(၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ ပို့ကုန် တန်ဖိုးကန်ဒေါ်လာ(၃၃.၆၃၉)သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ(၆၇.၆၆၇)သန်းနှင့် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ(၁၀၁.၃၀၆)သန်းဆောင်ရွက်နိုင်ခဲ့ပြီး လက်ရှိတွင် နှစ်နိုင်ငံကုန်သွယ်မှု လမ်းကြောင်းကောင်းမွန် လျက်ရှိကြောင်း သိရသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)