ကော့မှူး ဇွန် ၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ အခြေခံပညာကျောင်း အသီးသီးတွင် ယနေ့နံနက်က ကျောင်းသား/ ကျောင်းသူများ တူညီကျောင်းဝတ်စုံ အဖြူအစိမ်းကိုယ်စီဖြင့် ပျော်ရွှင်အေးချမ်းစွာ ကျောင်းတက်ရောက်နေသည်ကို တွေ့ရသည်။
ကျောင်းသား/ကျောင်းသူများကို ဆရာ/ဆရာမများပညာသင်ကြားရာတွင် ယဥ်ကျေးလိမ္မာသော ကျောင်းသား/ကျောင်းသူများဖြစ်ပေါ်လာစေရန် ၊ကျောင်းသားကျောင်းသူများကျောင်းနေပျော်၍ စာတော်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံအောင် သင်ကြားပေးနေကြောင်းသိရသည်။
ကော့မှူးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၁)ကျောင်း၊ (၇)အခြေခံပညာအလယ်တန်းကျောင်း(၅)ကျောင်း၊ အခြေခံပညာအလယ်တန်း(အလကခွဲ)(၁၁)၊ အခြေခံပညာမူလတန်း(မူလွန်)(၁၆)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၇၉)ကျောင်း၊ ဘုန်းတော်ကြီးသင်မူလတန်းကျောင်း(၄)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၁)ကျောင်း၊ စုစုပေါင်း (၁၃၄)ကျောင်းတွင် ကျောင်းသား/ ကျောင်းသူ(၁၉၀၇၈)ဦး တက်ရောက်သင်ကြားပေးနေကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ထို့နောက်အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် အဖွဲ့ဝင်များ ၊မြို့နယ်ပညာရေးမှူး ဒေါ်နုနုကြည်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်သူရ