သန်လျင်မြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

သန်လျင် ဇွန် ၁

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ယနေ့နံနက်မှစတင်ဖွင့်လှစ်ရာ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများအားလုံးသို့ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျှော်ရွင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်ကို တွေ့ရသည်။

ယနေ့နံနက်ပိုင်းကစတင်ဖွင့်လှစ်သော သန်လျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်ဝင်းနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

ထို့အပြင်နိုင်ငံတော်အစိုးရမှ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ကျောင်းအပ်ခွင့်၊ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်စာရေးကိရိယာများနှင့် မူလတန်းကျောင်းသားကျောင်းသူများအတွက် ကျောင်းဝတ်စုံများပါ အခမဲ့ထောက်ပံ့ပေးထားကြောင်း သိရသည်။

ထို့အပြင် သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ အပတ်စဉ်ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ သွေးလွန်တုတ်ကွေးမဖြစ်ပေါ်စေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် ခြင်ဆေးဖြန်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)