တံတား ဇွန် ၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ နယ်တွင်ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ယနေ့နံနက်(၉)နာရီမှ စတင်ဖွင့်လှစ်ရာ တံတားမြို့နယ်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများအားလုံးသို့ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက် ရှိသည်။
ဆက်လက်၍ နိုင်ငံတော်အစိုးရမှ ကျောင်းသားကျောင်းသူများအား အခမဲ့ကျောင်းအပ်ခွင့်၊ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်စာရေးကိရိယာများနှင့် မူလတန်းကျောင်းသားကျောင်းသူများအတွက် ကျောင်းဝတ်စုံများပါ အခမဲ့ထောက်ပံ့ပေးထားကြောင်း သိရသည်။
ထို့အပြင်တံတားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ အပတ်စဉ်ကျောင်းတွင်း ကျောင်းပြင်သန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ၊ ပိုးမွှားအန္တရာယ်ကင်းရှင်းစေရေး၊ သွေးလွန်တုတ်ကွေးမဖြစ်ပေါ်စေရေး၊ လုပ်ငန်းများနှင့် ခြင်ဆေးဖြန်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖြိုးသီဟ (တံတားပြန်ဆက်)