အထက်မင်းလှ ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ယမန်နေ့ ညနေ(၅)နာရီ (၃၀)မိနစ်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦ (၁)လုံးနှင့်လူနေအိမ်(၂)လုံး အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ညှင်းသွန်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦ(၁)လုံး၊ ပျဉ်းပင်စမ်းကျေးရွာတွင် လူနေအိမ်(၁)လုံး၊ တောင်ရပ်ကွက်တွင် လူနေအိမ်(၁)လုံး တို့ အမိုးလန်ပျက်စီးမှုဖြစ်ပွားပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့သည့် မိသားစုဝင်များနှင့် နေအိမ်များအားဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ၊ ထောက်ပံ့ပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)