ညောင်ဦးမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ညောင်ဦး ဇွန် ၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်၊ ယနေ့နံနက်ပိုင်းမှစတင်ကာ ဖွင့်လှစ်သင်ကြား ပေးလျှက်ရှိသည်။

ညောင်ဦးမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့ ဆောင်ပုဒ်နှင့်အညီ ကလေးငယ် များအတွက် ပညာသင်ယူခွင့်ရှိနိုင်ရေးအတွက် မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၁) ကျောင်း၊ အထက-ခွဲ (၄၅) ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၂၀) အလက-ခွဲ (၁၈)၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၅)၊ အခြေခံပညာမူလတန်းကျောင်း (၈၈) ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း-ခွဲ (၈) ကျောင်း၊ ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းလွန်ကျောင်း (၃) ကျောင်း၊ ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်း (၃) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၄) ကျောင်းတို့တွင် ပညာသင်ကြားလျှက်ရှိရာ ကျောင်းသားကျောင်းသူ (၂၈၉၁၇) ဦးတက်ရောက် ပညာသင်ကြားလျှက်ရှိကြောင်း ညောင်ဦးမြို့နယ် ပညာရေးမှူး ဦးဖုန်းမောင်ထံကသိရကာ ညောင်ဦးမြို့နယ်အတွင်း အခြေခံပညာ ကျောင်းများသို့ စိတ်အေး ချမ်းသာစွာ တက်ရောက်ပညာသင်ကြားလျှက်ရှိသည့် ကျောင်းသား/သူများ၊ သင်ကြားရေးဆရာ/မများအား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးတိုးလွင် နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဒီပါလင်း