မိုးကုတ် ဇွန် ၁
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၃-ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီအချိန်က မိုးကုတ်မြို့ ဟိုမှိုင်းရပ်ကွက်ရှိ ဟိုမှိုင်းအလကခွဲကျောင်းခြံဝန်းတွင် အရိပ်ရအပင်များနှင့် ပန်းပင်များအား စိုက်ပျိုးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ သစ်ပင်စိုက်ပျိုးကြမည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များထံသို့ သစ်ပင်/ပျိုးပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင် ဗိုလ်မှူးကျော်သူဆွေ ၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးဝင်းခိုင်ဖြိုးတို့က ပေးအပ်သည်။
ဆက်လက်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် ချယ်ရီ၊ ခါတော်မှီ၊ စိန်ပန်းပြာ၊ရေသင်းဝင်ပျိုးပင် (၁၅၀)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တက်ရောက်လာ ကြသူများမှ စုပေါင်း စိုက်ပျိုးခဲ့ကြပြီး တက်ရောက်လာသူ စုစုပေါင်းအင်အား (၁၆၅) ဦးခန့် တက်ရောက်ခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
နန်းခွာညိုနှင်း(ပြန်/ဆက်)