မြင်းခြံ ဇွန် ၁
၂၀၂၃ ခုနှစ် ဇွန်လ (၁) ရက်နေ့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နိုင်ငံအဝှမ်း အခြေခံ ပညာကျောင်းများ စတင်ဖွင့်လှစ်၍ မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ကြားနေသော ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ သင်ကြား လျက်ရှိကြောင်း သိရသည်။
မြင်းခြံမြို့နယ်အနေဖြင့် အခြေခံပညာအထက်တန်းကျောင်း (၁၃) ကျောင်း၊ အထက်တန်း ကျောင်း(ခွဲ) (၁၉) ကျောင်း၊ အလယ်တန်းကျောင်း (၈) ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၁၁) ကျောင်း၊ အခြေခံမူလတန်းလွန်ကျောင်း (၂၈) ကျောင်း၊ အခြေခံမူလတန်းကျောင်း (၁၁၄) ကျောင်း၊ အခြေခံမူလတန်း ကျောင်း(ခွဲ) (၃) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂၄) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၅) ကျောင်း စုစုပေါင်း (၂၂၅) ကျောင်းတွင် ကျောင်းသား ကျောင်းသူ (၂၆၇၇၀) ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ကျော်စွာ