မင်းတုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မင်းတုန်း ဇွန် ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာ အထက်တန်း၊ အလယ်တန်း၊ မူလွန်နှင့် မူလတန်းကျောင်း စုစုပေါင်း ကျောင်းပေါင်း (၁၅၀)ရှိရာ ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ခဲ့သည်။

ထို့သို့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာတွင် မူလတန်းအဆင့် (၅၂၅၇)ဦး၊ အလယ်တန်းအဆင့် (၁၇၇၀)ဦးနှင့် အထက်တန်းအဆင့် (၈၄၇)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၇၈၉၂)ဦး တက်ရောက်ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)