ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ‌ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား

ဟိုပုံး ဇွန် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ‌ကျောင်းများတွင် ယနေ့မှစတင်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပျော်ရွှင်စွာဖြင့် ကျောင်းစတင်တက်ရောက် လျက်ရှိကြောင်းသိရသည်။

ဟိုပုံးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၀)ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်း(၄၂)ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း(၁၂၉)ကျောင်းရှိပြီး လာရောက်အပ်နှံသည့် အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ(၇၅၈)ဦး၊ အခြေခံပညာအလယ်တန်း ကျောင်း ကျောင်းသား၊ ကျောင်းသူ(၂၈၈၆)ဦး၊ အခြေခံပညာမူလတန်းကျောင်း(၁၀၁၂၂)ဦး စုစုပေါင်း (၁၃၇၆၆)ဦးရှိပြီး အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးမှူးနှင့် ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)