ကျောက်ကြီးမြို့နယ်၌ စာသင်ကျောင်းများ စတင်ဖွင့်လှစ်

ကျောက်ကြီး ဇွန်လ ၁

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများ၌ ယနေ့နံနက်ပိုင်းကစတင်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင်ကျောင်းတက်လျက်ရှိကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်တွင် အခြေခံပညာ အ.ထ.က ကျောင်း(၆)ကျောင်း၊ အ.ထ.က(ခွဲ) (၁၁) ကျောင်း၊ အ.လ.က(၆)ကျောင်း၊ အ.လ.က(ခွဲ)(၁၄)ကျောင်း၊ မူလွန်(၈၉) ကျောင်း၊ အ.မ.က(၅) ကျောင်း၊ အ.မ.က(ခွဲ)(၃)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁)ကျောင်း စုစုပေါင်း (၁၃၅)ကျောင်းရှိပြီး၊ နယ်မြေအခြေအနေအရ အခြေခံပညာကျောင်းပေါင်း (၂၈) ကျောင်းသာ ကိုဗစ် - ၁၉ ရောဂါ စည်းကမ်းချက်နှင့်အညီ ကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းအပ်ထားရှိမှု (၆၆.၄၇) ရာခိုင်နှုန်းရှိပြီး၊ ကျောင်းသား၊ ကျောင်းသူ ကျောင်းတက်ရောက်ထားရှိမှု (၈၆.၀၁) ရာခိုင်နှုန်းရှိကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ပြောကြားချက်အရ သိရသည်။

 ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဇွန်လ ၁ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ စည်းကမ်းချက်နှင့်အညီ ကျောင်းများပြန်လည်ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပြီး ကျောင်းမအပ်ရသေးသူများအား နောက်ရက်များတွင် ကျောင်းအပ်လက်ခံပေးသွားမည် ဖြစ်ကြောင်း ကျောင်းအပ်နှံရာတွင်လည်း နိုင်ငံတော်မှအခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့ကို အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)