ကျွန်းစု ဇွန် ၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်လျက်ရှိကြောင်း သိရသည်။
ကျွန်းစုမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၁)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(၁၆)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၁၂)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(၂၂)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း(၂၈)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၅၆)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းခွဲ(၂၀)ကျောင်း၊ စုစုပေါင်း(၁၆၅)ကျောင်းနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း(၆)ကျောင်းရှိပြီး အဆိုပါကျောင်းများရှိ ဆရာ၊ ဆရာများက မူ၊ လယ်၊ ထက် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ ဘာသာရပ်များအလိုက် သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)