ကျောက်ကြီးမြို့နယ်၌ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကျောက်ကြီး ဇွန် ၁

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲတွင် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဒေသန္တရစီမံကိန်းရည်မှန်းချက်အရ ကဏ္ဍကြီးများအလိုက် စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်းဖိုးကို နှစ်အလိုက် တိုးတက်ရန် ရည်မှန်းထားကြောင်း ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်၊ ဒေသန္တရ ရင်းနှီးမြုပ်နှံမှု လျာထားချက်များဖြစ်သည့် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်း စီမံကိန်းများ၏ ပြီးစီးမှုအခြေအနေများကို သက်ဆိုင်ရာဌာနများနှင့် မြေပြင်ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်ပြီး အချိန်မီပြီးစီးရေးကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ တွန်းအားပေး ဆောင်ရွက်သွားရန်လိုကြောင်းပြောကြားပြီး မြို့နယ်စီမံကိန်း လက်ထောက်ညွှန်ကြားရေးမှူးက စီမံကိန်းရေးဆွဲရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စီမံကိန်းဦးစီးဌာန မြို့နယ်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးတို့က ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြုပ်နှံမှုလျာထားချက်များအား သက်ဆိုင်ရာဌာနများသို့ တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)