ချောင်းဆုံ ဇွန် ၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမည့် မိုးစပါး စိုက်ဧကများအတွက် တောင်သူများ ပျိုးထောင်ထားသည့် စပါးပျိုးခင်များကို ဇွန်လ(၁) ရက်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကော့မုပွန်ကျေးရွာသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လက်မှုလယ်ယာမှ စက်မှုလယ်သို့ ကူးပြောင်းနိုင်ရေး ရည်မှန်း၍ ကော့မုပွန်ကျေးရွာ တောင်သူ ဦးသစ်ကျော်၏ မိုးစပါးစိုက်ဧက(၁၂) ဧကအတွက် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရန် ဂျပန်ကျွန်းရွှေဝါး မျိုးစပါးပျိုးထောင်ထားခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ခေတ်မီနည်းစနစ်ဖြစ်သည့် ကောက်စိုက်စက်ကို အသုံးပြုခြင်းဖြင့် လယ်ယာလုပ်သားရှားပါးမှုကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)