သီပေါမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

သီပေါ ဇွန် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိကျောင်းအပ်လက်ခံ ဆောင်ရွက်လျက်ရှိပြီး  ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်းရှိကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ရောက် ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်း၌ အခြေခံပညာအထက်တန်းကျောင်း(၉)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၃)ကျောင်း၊ အလယ်တန်းကျောင်း(၃)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁၇)ကျောင်း၊  မူလတန်းကျောင်း(၁၈၀)ကျောင်း၊ ဘုန်းတော်ကြီသင်ပညာရေးကျောင်း(၁၀)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၄)ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း (၂၂၆)ကျောင်း ရှိကြောင်း သိရသည်။

ကျောင်သား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများက ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)