တိုက်ကြီး ဇွန် ၁
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက် ၉ နာရီမှစတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာတက်ရောက် ပညာသင်ကြားလျက်ရှိသည်။
တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် တိုက်ကြီးမြို့၊ ဉက္ကံမြို့၊ အဖျောက်မြို့များရှိ အခြေခံပညာအထက်တန်းကျောင်း (၁၀)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၁၄) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၆) ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ (၁၅) ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၅၉) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၂၀၃) ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း (၃၀၇) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၁၀) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၄) ကျောင်းတို့တွင် အထက်တန်းအဆင့် ကျောင်းအပ်နှံသူ ကျောင်းသား ကျောင်းသူ (၃၄၂၅) ဦး၊ အလယ်တန်းအဆင့်ကျောင်းအပ်နှံသူ ကျောင်းသားကျောင်းသူ (၉၅၄၁) ဦးနှင့် မူလတန်းအဆင့် (KG အပါ) ကျောင်းသားကျောင်းသူ (၃၂၆၄၁) ဦးရှိပြီး စုစုပေါင်း ကျောင်းသားကျောင်းသူ (၄၅၆၀၇) ဦး ကျောင်းအပ်နှံထားကြောင်း သိရသည်။
အဆိုပါ ကျောင်းများဖွင့်လှစ်ရာ၌ ခရိုင် / မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ခံခရိုင်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်း၊ မြို့နယ်ပညာရေးမှူး ဦးဌေးဌေး တို့၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းများရှိ တာဝန်ခံကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘများ၊ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အထောက်အကူပြုအဖွဲ့များက လိုအပ်သည်များကို ဝိုင်းဝန်းဆောင်ရွက်ပေးကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန် / ဆက်)