တပ်ကုန်းမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၁၇၄ ကျောင်း စတင်ဖွင့်လှစ်ပြီး၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ပညာသင်ကြား

တပ်ကုန်း ဇွန် ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းပေါင်း ၁၇၄ ကျောင်းကို   ယနေ့နံနက်ပိုင်းက စတင် ဖွင့်လှစ်ခဲ့ရာ  ကျောင်းသား/ကျောင်းသူများ အေးချမ်း‌ပျော်ရွှင်စွာဖြင့် သက်ဆိုင်ရာကျောင်းများတွင် စတင်တက်ရောက်  ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်တွင် မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ် ကလေးငယ်အားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး၊ နိုင်ငံတော်မှ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ကြောင်းသိရပြီး၊ တပ်ကုန်းမြို့နယ်အတွင်း အခြေခံပညာကျောင်း ၁၆၇ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၅ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၂ ကျောင်းတို့တွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၃၉၀၂၆ ဦး တက်ရောက်ပညာသင်ကြား လျက်ရှိကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင်စိုးလွင်