ရန်ကုန် ဇွန် ၁
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် ၁၃၈၅ ခုနှစ် အစိုးရနိကာယ်စာမေးပွဲ ပထမနေ့ကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်မှ ညနေ ၄ နာရီအချိန်ထိ ဗဟန်းမြို့နယ်၊ ကြားတောရရပ်ကွက်၊ ကြားတောရလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းထောင့်ရှိ ရွှေကျင်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစိုးရနိကာယ်စာမေးပွဲတွင် စာရင်းရှိ ရဟန်း ၁၅၀ ပါး၊ သီလရှင် ၇၉ ပါးစုစုပေါင်း ၂၂၉ ပါးတွင်ဖြေဆို ရဟန်း (၈၇)ပါး၊ သီလရှင်(၄၁)ပါး ဖြေဆိုစုစုပေါင်း(၁၂၈)ပါး ရှိကြောင်း သိရသည်။
စာဖြေသံဃာတော်များကို ဗဟန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက အချိုရည်ဗူးနှင့်ရေသန့်ဗူးများကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ သံဃာတော်များစိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒစရိယဆရာတော် ကြီးများ၊အထူးကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ ဆရာတော်များနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးကြသည်။ အဆိုပါအစိုးရနိကာယ်စာမေးပွဲကို ဇွန်လ(၁)ရက်နေ့မှ (၅)ရက်နေ့အထိ နေ့စဉ်နေ့လယ်(၁၂)နာရီမှ ညနေ(၄)နာရီအချိန်အတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)