သင်္ဃန်းကျွန်းပညာရေးဒီရီကောလိပ်တွင် ဘွဲ့ရသင်တန်းနှင့် ပုံမှန်သင်တန်းများစတင်ဖွင့်လှစ်

သင်္ဃန်းကျွန်း ဇွန် ၁

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနအောက်ရှိ သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ်တွင် ဘွဲ့ရသင်တန်းနှင့် ပုံမှန်သင်တန်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

(၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT ၉/၂၃) နှင့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်နေ့သင်တန်း ပထမနှစ်(ဒုတိယနှစ်ဝက်)၊ ဒုတိယနှစ် (ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက်)သင်တန်းများကို ဖွင့်လှစ်ခြင်းဖြစ်ပြီး PPTT (၉/၂၃) တွင် သင်တန်းသားဦးရေ (၆၅၇) ဦး နှင့် ပညာရေးဒီဂရီကောလိပ်နေ့သင်တန်းတွင် သင်တန်းသားဦးရေ (၃၈၃) ဦးတို့ တက်ရောက် ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)