ကဝ ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အုန်းနှဲကျေးရွာအုပ်စု အ.ထ.က (အုန်းနှဲ) ကျောင်းဝန်းအတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစတင်၍ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်လျက်ရှိသည်။
အဆိုပါ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းသို့ ပဲခူးခရိုင် ပညာရေးမှူးဒေါ်မာမာစု၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုမင်း၊ မြို့နယ်ပညာရေးမှူး ဦးလင်းအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများမှ ကျောင်းဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့သည်။ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကျောင်း၌ စက်မှုဘာသာရပ်တက်ရောက်သည့် ကျောင်းသား/ ကျောင်းသူ (၉၀)ဦး၊ စိုက်ပျိုးရေးဘာသာရပ် တက်ရောက်သူ ကျောင်းသား/ ကျောင်းသူ (၃၀)ဦးနှင့် မွေးမြူရေးဘာသာရပ် တက်ရောက်သည့် ကျောင်းသား/ ကျောင်းသူ (၁၄)ဦး၊ စုစုပေါင်း (၁၃၄)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)