ဒဂုံမြောက် ဇွန် ၁
၂၀၂၃ ခုနှစ် အစိုးရနိကာယ်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ အမှတ်(၄၂)ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သာသနာ့ဗိမာန်တော် တွင် ဇွန်လ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၃ ခုနှစ် အစိုးရနိကာယ်စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြသော သံဃာတော် (၆၅) ပါးနှင့် သီလရှင် (၈)ပါး ဝင်ရောက်ဖြေဆိုကြကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။ စာမေးပွဲဖြေဆိုကြသည့် သံဃာတော်နှင့် သီလရှင်များ စိတ်အေးချမ်းသာစွာစာဖြေဆိုနိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းကူညီစောင့်ရှောက် ပေးကြပြီး အဆိုပါစာမေးပွဲအား ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့ထိ နေ့လယ် ၁၂ နာရီမှ ညနေ ၄ ထိ ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ရီ