ဇလွန် ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ပညာရေးဝန်ကြီးဌာန ရန်ပုံငွေဖြင့် ဆောက်လုပ်သည့် အခြေခံပညာမူလတန်းကျောင်း မြောက်ပိုင်းလက်ခုပ်တန်း ကျောင်းဆောင်သစ်ကို ယနေ့ နံနက် ၁၀ နာရီတွင် ဖွင့်လှစ်ခဲ့သည်။
အခြေခံပညာမူလတန်းကျောင်း မြောက်ပိုင်းလက်ခုပ်တန်း ကျောင်းဆောင်သစ်ကို ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ဟင်္သာတခရိုင် ပညာရေးမှူးဦးတိုးဝင်း၊ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အ.မ.က မြောက်ပိုင်း လက်ခုပ်တန်း ကျောင်းဆောင်သစ်သည် ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပညာရေးဝန်ကြီးဌာနရန်ပုံငွေမှ စျေးနှုန်းအဆိုပြုလွှာစနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး စုစုပေါင်း ကုန်ကျငွေ ကျပ်သန်း (၁၀၃ . ၈၇၈) ကုန်ကျခဲ့ပြီး အ.မ.က မြောက်ပိုင်း လက်ခုပ်တန်း ကျောင်းဆောင်သစ်သည် အလျား (၆၀) ပေ၊ အနံ (၃၀) ပေ RC တစ်ထပ် Plinth Level (8)ဖြင့် Ever Palace ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ကြောင်း သိရသည်။
ဝေယံ - ဇလွန် (ပြန်/ဆက်)