မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်

မုဒုံ ဇွန် ၁

မွန်ပြည်နယ် မုဒုံမြို့၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများ ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အေးချမ်းပျော်ရွှင်စွာ ကျောင်းစတင်တက်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ် တစ်နိုင်ငံလုံးအတိုင်းအတာ အဖြစ်သတ်မှတ်ကာ ကျောင်းသား၊ ကျောင်းသူများအတွက် ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့သည်။

မုဒုံမြို့နယ်တွင် အခြေခံပညာကျောင်း(၁၀၂)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ကိုယ်ပိုင်စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားလျက်ရှိရာ မူလတန်းအဆင့် (၂၂၅၆၂) ဦး၊ အလယ်တန်းအဆင့်(၆၆၄၄)ဦး၊ အထက်တန်းအဆင့်(၃၂၃၂)ဦး ကျောင်းသားကျောင်းသူ စုစုပေါင်း (၃၂၄၃၈)ဦး တက်ရောက်လျက်ရှိပြီး အေးချမ်းစွာ သင်ကြားနိုင်‌ရေးအတွက် မြို့နယ်ပညာရေးမှူးနှင့်ကျောင်းအုပ် ဆရာကြီး၊ ဆရာမ ကြီးများက ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)