ပုသိမ်ကြီး ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ၂၀၂၃ခုနှစ် (၃၀) ကြိမ်မြောက် နိကာယ်စာမေးပွဲဖြေဆိုခြင်းကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ရန်ကင်းတောင်ခြေရှိ သီရိမင်္ဂလာ သရက်တောကျောင်းတိုက်အတွင်း၌ နိကာယ်စာမေးပွဲ ကျင်းပလျက်ရှိသည်။
အဆိုပါ နိကာယ်စာမေးပွဲတွင် ဖြေဆိုစာရင်းရှိ သံဃာ၊ သီလရှင် (၁၅၇)ပါး၊ ပျက်ကွက်(၄၁)ပါး၊ စာဖြေဆိုသံဃာ၊ သီလရှင် စုစုပေါင်း (၁၁၆) ပါး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး၊ အကြိမ်(၃၀)ပြည့် အစိုးရ နိကာယ်စာမေးပွဲအား ဇွန်လ ၁ရက်နေ့မှ ၅ရက်နေ့ထိ ဖြေဆိုကြရမည်ဖြစ်ကာ၊ နေ့စဥ် မွန်းတည့် ၁၂နာရီမှ ညနေ ၄နာရီ အထိ စာမေးပွဲ ကျင်းပသွားမည်ဖြစ်သည်။
အစိုးရနိကာယ် စာမေးပွဲ၌ ဖြေဆို သံဃာ၊ သီလရှင်များ၊ အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် ဦးစီးကော်မတီနာယကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ မြို့နယ်သံဃာ့နာယကအဖွဲ့ ဆရာတော်များနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)