ကျောက်ဆည်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း၌၂၀၂၃-၂၀၂၄ ပညာသင်နှစ် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာပညာသင်ကြား

ကျောက်ဆည်  ဇွန်  ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်

အစိုးရနည်းပညာအထက်တန်းကျောင်းအနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပထမနှစ်ကျောင်းသား/ကျောင်းသူများနှင့် ဒုတိယနှစ်ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံရာတွင် အခမဲ့ကျောင်းတက်ခွင့်၊ လစဉ်ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ခြင်း၊ ပုံနှိပ်စာအုပ်နှင့် စက်မှုဘာသာရပ်သင် ကျောင်းသား/ကျောင်းသူများအား ပုံဆွဲကိရိယာများ ထောက်ပံ့၍ ကျောင်းလက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အစိုးရနည်းပညာအထက်တန်းကျောင်း၌ ပညာသင်နှစ်(၃)နှစ်ကာလတွင်အဆင့်မှီစွာအောင်မြင်ခဲ့ပါက (AGTI)ကျောင်း၌ ပထမနှစ်အတန်းတွင် ဆက်လက်ပညာသင်ခွင့် ရရှိမည်ဖြစ်ပြီး၊ အထူးအောင်မြင်ခဲ့ပါက နည်းပညာတက္ကသိုလ်၌  BE ပထမနှစ်၊ နည်းပညာကောလိပ်၌ B-Tech ပထမနှစ် အတန်းများတွင် သက်ဆိုင်ရာကျောင်းများ၏ ဝင်ခွင့်ရွေးချယ်ရေး သတ်မှတ်ချက်များအတိုင်း ဝင်ရောက်လျောက်ထားနိုင် ပြီး ရိုးရိုးအောင်မြင်ခဲ့ပါက ပညာသင်နှစ်ပြီးမြောက်ကြောင်း အောင်လက်မှတ်များရရှိမည်ဖြစ်ပြီး ပြင်ပလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်နိုင်ခြင်းနှင့် ကိုယ်ပိုင်လုပ်ငန်းများတည်ထောင်လုပ်ကိုင်ရာတွင်များစွာ အထောက်အကူ ရရှိမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)