မဟာအောင်မြေ ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းများ စတင်ဖွင့်လှစ်သည့် ယမန်နေ့နံနက်ပိုင်းမှ စ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အဆင်ပြေ ချောမွေ့စွာ စတင်ဖွင့်လှစ်သင်ကြားနိုင်စေရန် မြို့နယ်ပညာရေးမှူး ဦးလှမြင့်နှင့် (ထက်၊လယ်၊မူ) ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများ ဆရာ/ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (ထက်၊လယ်၊မူ)ကျောင်းများရှိ ကျောင်းအပ်နှံ ပြီးစီးသူ ယမန်နေ့ထိ (၁၉၅၈၅)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးလှမြင့်ထံမှ သိရသည်။
အောင်ဇော်မင်း