တောင်ဥက္ကလာပ ဇွန် ၂
၂၀၂၃ ခုနှစ် အစိုးရနိကာယ် စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ အမှတ်(၁၄)ရပ်ကွက် ဥက္ကလာပဘုရားရှိ မဟာမုနိဓမ္မာရုံကြီးတွင် ယမန်နေ့ နေ့လယ် ၁၂ နာရီတွင် စတင်ကျင်းပလျက်ရှိကြောင်းသိရသည်။
အဆိုပါ ၂၀၂၃ ခုနှစ် အစိုးရနိကာယ်စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြသော သံဃာတော် (၄၄) ပါးနှင့် သီလရှင် (၁၀)ပါး ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။ စာမေးပွဲဖြေဆိုကြသည့် သံဃာတော်နှင့် သီလရှင်များ စိတ်အေးချမ်းသာစွာ စာဖြေဆိုနိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်း ကူညီစောင့်ရှောက်ပေးကြပြီး အဆိုပါစာမေးပွဲအား ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့ထိ နေ့လယ် ၁၂နာရီမှ ညနေ ၄ နာရီထိ ဖြေဆိုကြရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သီတာအေး(ပြန်/ ဆက်)