မယ်စဲ့မြို့နယ်တွင်၌ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွင်စွာ တက်ရောက်သင်ကြား

မယ်စဲ့ ဇွန် ၂

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်း များကို ဇွန်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင်လည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ရောက်လျက်ရှိကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ယခုပညာသင်နှစ်၌ အ.ထ.က(မယ်စဲ့)၊ အ.ထ.က-ခွဲ(ပန်တိန်း)၊ မူလွန်(နမ့်မန်း)၊ အ.မ.က(ဝမ်ကန်) အ.မ.က(နမ့်ပိန်းလင်) စသည့် အခြေခံပညာကျောင်း ၅ ကျောင်း ဖွင့်လှစ်လျက်ရှိရာ တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅၂၄ဦး တက်ရောက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေမှုအား မြို့နယ်ပညာရေးမှူး ဒေါ်မင်းမင်းသန်းက လိုက်လံကြည့်ရှုခဲ့ပြီး ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် သင်ကြားရေးလိုအပ်ချက်များ ပြည်စုံမှုရှိစေရေး မှာကြားခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ ဆက်)